Monday, May 4, 2015

Burn ISO form CD/DVD files (Linux Ubuntu)

ကျွန်တော်တို့ တစ်ချို့ OS တွေကို သုံးချင်တဲ့အခါ Download ဆွဲဖို့ file size အရမ်းကြီးနေရင် ခွေဝယ်သုံးရပါတယ်။ ဉပမာ Kali လိုမျိုးပေါ့ 3GB ကျော်ကြီးကို Download ဆွဲဖို့ ကျွန်တော့်အနေနဲ့ ဘေလည်းမတတ်နိုင်သလို connection ကြောင့်လည်းအဆင်မပြေပါဘူး။
ဒီတော့ အခွေဝယ်သုံးရပါတယ်။ အခွေနဲ့ OS တစ်ခုတင်ရတဲ့အခါ စိတ်ညစ်ရဆုံးက အရမ်းကြာတာပါပဲ။ ပိုဆိုးတာ တစ်ခုရှိသေးတယ်။ ကျွန်တော့ကိုယ်ပိုင် Laptop လေး၂လုံးစလုံး CD/DVD Drive မရှိဘူး။ Download ကလည်း မဆွဲနိုင် အခွေလည်းသုံးမရဆိုတော့ USB နဲ့တင်ဖို့တစ်လမ်းပဲရှိပါတော့တယ်။ (External Drive လည်းမ၀ယ်နိုင်ဘူးလေ) Linux ကို USB နဲ့တင်ဖို့ကြတော့ ISO ရှိမှပဲ အဆင်ပြေတာပါ။
ဒါကြောင့် ကျွန်တော် CD/DVD ထဲက file တွေကို ISO ဖြစ်အောင်လုပ်ဖို့ကြံစည်ရပါတော့တယ်။
Windows မှာဆိုရင်တော့ PowerISO က လူပြောများပါတယ်။ ဒါပေမယ့် ကျွန်တော် မသုံးတတ်ခဲ့ပါဘူး။ တစ်ချိ့ကတော့ Format Factory နဲ့ convert လုပ်တယ် ပြောပါတယ်။ အဲဒါလည်း သုံးမကြည့်ဖူးပါဘူး။ ကျွန်တော် လွယ်လွယ်ရနိုင်တာလေးတစ်ခုပဲ စဉ်းစားလိုက်ပါတယ်။ CD/DVD Drive ရှိတဲ့ စက်တစ်လုံးမှာ Ubuntu တင်လိုက်ပါတယ်။ (Linux Distro တွေထဲမှာ Ubuntu အကြိုက်ဆုံးပါ။ အကူအညီပေါလို့ :D )
ပြီးမှ Linux File Opreation Command လေးတစ်ခုသုံးပြီး ISO file ထုတ်ယူလိုက်ပါတယ်။

ကျွန်တော် သုံးလိုက်တဲ့ command လေးက အရမ်းရိုးရှင်းပါတယ်။

dd if=/dev/cdrom/ of=/home/usr/iso_img.iso

ပါပဲ

No comments:

Post a Comment