၁။ ဖုန်းမှာ USB Debugging on ထားပါ
၂။ Linux run ထားတဲ့ PC နဲ့ USB cable သုံးပြီး join ပါ (ဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်လို့ပြောတာ)
၃။ Connected as MTP ဆိုတဲ့ option လေးရွေးပေးပါ
ပုံမှာကြည့်ပါ။
၎။ PC မှာ Ctrl Alt T ဆိုတဲ့ key သုံးခုကို တစ်ပြိုင်တည်း နှိပ်ပါ (Ubuntu)
Terminal ကိုဖွင့်ပါ။
Terminal မှာ သုံးရမယ့် command တွေ ဆက်ပြောပါမယ်။
Terminal မှာ(linix terminal မှာ) ADB command တွေ သုံးဖို့ Android ADB tool လိုပါတယ်။ Linux မှာ Android ADB tool ဘယ်လို install လုပ်ရမယ်ဆိုတာ နောက် post တစ်ခုမှာ တင်ပေးပါမယ်။ ဒီ post မှာတော့ ADB ရှိပြီးသားလို့ယူဆပြီး command တွေအကြောင်း ဆက်ပါမယ်။
အရင်ဆုံး Linux file operation command လေး နှစ်ခုလောက် ပြောပါမယ်။
1 cd command
cd ဆိုတာ change directory ပါ။
အသုံးပြုတဲ့ ဉပမာလေးတွေနဲ့ကြည့်ပါ။
Terminal မှာ cd လို့ ရိုက်ပြီး enter ခေါက်ကြည့်ပါ။ home directory ကို ရောက်ပါမယ်။
ဒါကြောင့် cd တစ်ခုတည်း ရိုက်ရင် home directory ကိုရောက်တယ်လို့ မှတ်နိုင်ပါတယ်။
ကျွန်တော်တို့ Desktop မှာရှိတဲ့ App ဆိုတဲ့ folder လေးကို သွားမယ်ဆိုပါစို့
cd /home/user/Desktop/App/ လို့ရိုက်ပြီး Enter ခေါက်လိုက်ရင် Desktop>App ဆိုတဲ့ folder (Dir) ထဲကို ရောက်ပါပြီ။ user ဆိုတဲ့ computer ရဲ့ username ပါ ကျွန်တော့် ကွန်ပျူတာမှာ username က alphacool မလို့ cd /home/alphacool/Desktop/App လို့ ရေးပါတယ်။ ခင်ဗျားက maung_ni ဆိုရင် cd /home/maung_ni/Desktop/App လို့ ရိုက်ရမှာပေါ့။ ကျွန်တော့် ကွန်ပျူတာထဲ ခင်ဗျား maung_ni ကြီးတော့ လာရိုက်လို့ မရဘူးပေါ့ဗျာ။ ဒီတော့ alphacool တွေ maung_ni တွေက ခင်ဗျားအတွက် ရှုပ်နေတယ်ဆိုရင် "~" ဆိုတာလေး သုံးပြီး ဖြည်ရှင်းလိုက်လို့လည်း ရပါသေးတယ်။
~ ကို /home/user နေရာမှာ သုံးနိုင်ပါတယ်။
ပုံမှာကြည့်ပါ။ ကျွန်တော် Desktop ပေါ်က Android_Apps ဆိုတဲ့ dir ထဲကို သွားဖို့ cd ~/Desktop/Android_Apps လို့ သုံးထားပါတယ်။
နောက်ထပ် linux file opreation command လေးတစ်ခုက ls ပါ
2 ls command
ls ဆိုတာ list ပါ။
dir တစ်ခုထဲမှာရှိတဲ့ file တွေကို list လုပ်ကြည့်ဖို့ သုံးရပါတယ်။
Linux Terminal မှာရိုက်တဲ့စာတွေအားလုံးက case sensitive ဖြစ်ပါတယ်။ အကြီးအသေးလွဲလို့မရပါဘူး။ ဒါကြောင့် မသေချာရင် list လုပ်ကြည့်သင့်ပါတယ်။
ပုံမှာ cd ~/Desktop/Android_Apps သုံးပြီး Desktop>Android_Apps ဆိုတဲ့ dir ထဲကို ၀င်လိုက်ပါတယ်။ အဲထဲမှာ ဘာတွေရှိလဲမသိလို့ (မသိချင်ယောင်ဆောင်ထားရတာပေါ့) ls command သုံးပြီး list လုပ်ကြည့်ပြထားပါတယ်။
Desktop>Android_Apps ထဲမှာ Zapya.apk ဆိုတဲ့ Android Application လေး တွေ့ပါတယ်။
အဲဒါလေးကို ကျွန်တော်တို့ ဖုန်းထဲကို install လုပ်ပါမယ်။
ကျွန်တော်တို့ Android ဖုန်းထဲကို install လုပ်ဖို့ ADB command လေးတွေလည်း သိဖို့လိုသေးတာကြောင့် ADB command လေး နှစ်ခုလောက် ထပ်ပြောပါဦးမယ်။
၅။ ADB commands
လိုရင်းတိုရှင်းပြောမှာမလို့ ADB (Android Debud Bridge) တဲ့ပါတ်သက်တဲ့ အခြေခံအချက်လက်လေးတွေ ကျော်ပါမယ်။
ADB အကြောင်း သိသလောက်လေး post တွေ ထပ်ရေးပေးပါဦးမယ်။
ဒီ post မှာတော့ adb devices ဆိုတဲ့ command နဲ့ adb install ဆိုတဲ့ command လေးနှစ်ခုပဲပြောမှာပါ။
adb devices
computer နဲ့ android device (ဖုန်း) နဲ့ ချိတ်မချိတ် ကြည့်တာပါ။
ဖုန်းမှာ USB debugging on ထားပြီး connected as MTP ဆိုတဲ့ option လေး ရွေးထားပြီးပြီဆို
adb devices လို့ ရိုက်တာနဲ့ ပုံထဲကအတိုင် device serial number နဲ့ device ဆိုတာလေး ပြပါတယ်။ ဒီနေရာမှာ no permission တို့ devices offline တို့လည်း ကြူံရတတ်ပါတယ်။ မပူပါနဲ့ problem ကိုသိရင် solution ရှိရမှာပေါ့။
no permission ဆိုတာ USB Authorization မရသေးလို့ပါ။
Android version 4.2.2 နဲ့ အထက်တွေမှာ ADB command တွေသုံးဖို့ USB Authorization ပေးရပါတယ်။ Terminal မှာ adb devices လို့ရိုက်ပြီး enter ခေါက်လိုက်ရင် ဖုန်မှာ USB Authorization တောင်းတဲ့ prompt လေး တက်လာပါတယ် Always allow from this computer ဆိုတာလေး check (အမှန်ခြစ်) ပေးပြီး allow ကို နှိပ်ပေးလိုက်ပြီး Terminal မှာ adb devices လို့ရိုက် enter ခေါက်ကြည့်လိုက် no permission ဆိုတာ မရှိတော့ပါဘူး။
device offline ကတော့ နဲနဲ ပြဿနာရှိပါတယ်။
adb install ကတော့ ရှင်းပါတယ်။
adb install Zapya.apk လို့ သုံးထားတာ ပုံထဲမှာတွေ့နိုင်ပါတယ်။
Zapya ဆိုတဲ့ Application လေး ဖုန်းထဲကိုသွင်းလိုက်တာပါ။
Desktop>Android_Apps dir ထဲမှာ viber.apk လေးသာ ရှိနေမယ်ဆို ကျွန်တော်တို့ adb install viber.apk လို့ရိုက်ပြီး ဖုန်းထဲကို viber သွင်းလို့ရတာပေါ့။
ဒီတော့ ဖုန်းထဲကို သွင်းချင်တဲ့ apk လေးတွေ dir တစ်ခုတည်းမှာအဲလိုစုထည့်ထားပြီး သွင်းလို့ရတယ်ဆိုတာ ပြောချင်တာပါ။
များများကလိကြပါ အဆင်ပြေကြပါစေ
Aimed for absolute noob users
#poweroff


No comments:
Post a Comment